ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံများ မြစ်ကြီးနားသို့တိမ်းရှောင်လာရာ မြို့အဝင်တွင် ကားလမ်းများပိတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
"အခြေအနေလုံးဝမကောင်းလို့ မြစ်ကြီးနားဘက် ရှောင်လာတာ။ ဝိုင်းမော်ရပ်ကွက်တွေအထိ တိုက်ပွဲကဖြစ်နေပြီ။"ဟု တိမ်းရှောင်လာသည့် ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
ယနေ့ မေလ(၂၂)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဝိုင်းမော်မြို့ ရဲစခန်းနှင့် ဝိုင်းမော်မြို့အနီးဝန်းကျင်တွင် လက်နက်ကြီးကျသံ၊ တိုက်ပွဲဖြစ်သံများ ကြားရခြင်းကြောင့် ဒေသခံများ တိမ်းရှောင်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်ရှိ စစ်ကောင်စီတပ်၏ ရွှေညောင်ပင် ခမရ(၃၂၁)တပ်စခန်းကိုက ယမန်နေ့ ၂၀၂၄ ခုနှစ် မေလ(၂၁)ရက်နေ့ ညပိုင်းတွင် သိမ်းပိုက်ရာ မြစ်ကြီးနားရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်။
#TachileikNewsAgency
Video : Padang Dawnghkawn