ချောင်းဦးမြို့ရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ရဲစခန်းအား ၂၀၂၄ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ၁၀ နာရီ ၁၉ မိနစ် အချိန်ခန့်တွင် မဟာမိတ်တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ-၃ လျှပ်စီးတပ်ခွဲက ထုတ်ပြန်သည်။

ဒရုန်း ၃ စီးအသုံးပြု၍ ဗုံးသီး ၁၁ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

စစ်ကောင်စီဘက်မှပြန်လည်ပစ်ခတ်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်းသိရသည်။

ဒရုန်းစစ်ဆင်ရေးအား လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ရန်ရှင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် - ၈ တပ်ရင်း၊ မီးတောက်တပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ -၄)တို့မှ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

#TachileikNewsAgency