ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည့်သူ့ကာကွယ်ရေးတပ်များ အကြား ၂၀၂၃ခုနှစ် ဇူလိုင်လ (၃)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အိုးမြေတူးကျေးရွာမှ စစ်‌ကြောင်းထိုးလာသော အင်အား(၅၀)ဝန်းကျင်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို အိုးမြေတူးကျေးရွာနှင့် ရှမ်းစုကျေးရွာကြား နှမ်းခင်းအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ကို မိုင်းခွဲပြီးနောက် ပစ်ခတ်ခဲ့ရာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများ ရှိသည်ဟု သိရသည်။

တိုက်ခိုက်မှုကို ရေတာရှည်မြို့နယ် ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး‌နောက် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ချေမှုန်းရေးတပ်စိတ်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃၅၀၁)က ယနေ့ ဇူလိုင်လ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃၅၀၁