မြေပုံမြို့ရှိ ယောချောင်းဗျူဟာကုန်းနှင့် အနီးတပ်စခန်းများမှ စစ်ကောင်စီတပ်သားများ AA လာသိမ်းမည်စိုးရိမ်သဖြင့် လက်နက်များဖျက်ဆီးကာ ထွက်ပြေး

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ယောချောင်း ဗျူဟာကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြေပုံမြို့နယ်အတွင်းရှိ ယောချောင်းဗျူဟာကုန်းနှင့် ၎င်းအနီးအနားရှိ စခန်းကုန်းများမှ စစ်ကောင်စီတပ်များသည် AAက လာရောက် သိမ်းပိုက်မည်စိုးရိမ်သဖြင့် (၁၂၂)မမ ဟောင်ဝစ်ဇာအမြောက်များ အပါအဝင် လက်နက်ခဲယမ်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါဗျူဟာကုန်းအား စွန့်လွှတ်ခဲ့ကာ စစ်သင်္ဘောနှစ်စီးဖြင့် ထွက်ပြေးသွားပြီး AAက လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့ နယ်များတွင် ရက္ခိုင့်တပ်‌‌တော် (AA)နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

#TachileikNewsAgency

Video : AA Info Desk