မုံရွာ-မန္တလေး လမ်းမကြီးတွင် ကြေးနီစီမံကိန်းယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မုံရွာ-မန္တလေး လမ်းမကြီးတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ ကြေးနီထုတ်လုပ်ရေးကုန်ကြမ်းများ ပို့ဆောင်သည့် စစ်ကောင်စီယာဉ်တန်းအား တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီဝန်ထမ်း (၃)ဦးကို ဖမ်းဆီးရမိသည်ဟု ကျောက်ဆည်ခရိုင် အမှတ်(၂)တပ်ရင်းထံမှ သိရသည်။

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်ဆိပ်ကမ်းမှ ဆာလ်ဖျူရစ်အက်ဆစ်များ သယ်ဆောင်လာသော စစ်ကောင်စီတွဲကား (၂၈)စီးနှင့် စစ်ကိုင်း တပ်မ(၃၃)မှ ထွက်လာသော တွဲကား(၁၈)စီး၊ Jumperကား(၅)စီးယာဥ်တန်းအား တော်လှန်ရေးတပ်များက မုံရွာ-ချောင်းဦး လမ်းပိုင်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ်(၅)စီး ပျက်စီးပြီး ထောက်ပံ့နှင့် ပို့ဆောင်ရေးဌာနဝန်ထမ်း (ရုံးစာရေးကြီး)တစ်ဦးအပါအဝင် စစ်ကောင်စီဝန်ထမ်း (၃)ဦးအား ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၄)မှ ဦးဆောင်၍ Chindwin Fighter Group(CFG)၊ Golden Peacock Attack Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video:BHA