စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကုန်းကျေးရွာတံတားတွင် ယာယီတပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Myanmar Paladin Force U – 18 ထံမှ သိရသည်။
ကျီကုန်းကျေးရွာတံတားတွင် ယာယီတပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား ဇူလိုင်လ (၂၄)ရက်နေ့ ညနေသုံးနာရီခွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆)ဦးခန့် သေဆုံးခဲ့ပြီး ကင်းတဲများအား မီးရှို့ဖျက်ဆီးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း MPF U-18 အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။
သိမ်းဆီးရမိသော လက်နက်ခဲယမ်းများမှာ MA-1 (၁) လက် ၊ G-3 (၃) လက် ၊ ပြောင်းချော (၁)လက်၊ ကာဘိုင် (၁၀) လက် ၊ ၇၉ (၁)လက် နှင့် ခဲယမ်းတချို့တို့ ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား ဗိုလ်ပိုင်ချဲ (ကန့်ဘလူခရိုင် အထူးလှုပ်ရှားရေး)နှင့် JH (KU) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video : Phyo Wai Paing