ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း Black Tiger UG Team အဖွဲ့ထံမှ သိရသည်။
စစ်အုပ်စုနှင့် အပေါင်းအပါ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ စုစည်းနေသည့် ရွှေပြည်သာမြို့နယ် အမှတ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ ည (၇) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အဝေးထိန်းမိုင်း (၂) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း၌ စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Black Tiger UG Team အဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား Black Tiger UG Team တပ်ဖွဲ့ဝင်များနှင့် ရွှေပြည်သာမြို့နယ် (ပ.က.ဖ)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း စစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေသူမှန်သမျှအား ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အသိပေးထားသည်။
#TachileikNewsAgency
Video : ဝီလပ်ဇင်ယော်