ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ စစ်ကောင်စီတပ်၏ ကဇူးတပ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိကြောင်း သိရ သည်။
ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ကဇူးတပ်စခန်းကို ၂၀၂၄ ခုနှစ် မေလ(၂၀)ရက်နေ့တွင် KIAက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်များ၊ လက်ပစ်ဗုံးများနှင့် လက်နက်ကြီးကျည်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတပ်စခန်းသည် မြစ်ကြီးနား-ဗန်းမော် ကားလမ်း ကဇူးကျေးရွာတွင်ရှိပြီး KIA ဘက်က တိုက်ခိုက်စဉ် ဝိုင်းမော်မြို့နယ် အခြေစိုက် ခလရ(၅၈)တပ်ရင်း၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။
KIA သည် မေလ(၁၈)ရက်နေ့က စတင်၍ ယနေ့အထိ ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းကြီး၊ အသေး (၁၀)ခုဝန်းကျင်ကို သိမ်းပိုက်ရရှိထားသည်။
အဆိုပါ ကဇူးတပ်စခန်းသည် မေလ(၁၈)ရက်နေ့က KIAနှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ နမ့်ပေါင်လေတပ်စခန်း၊ ဒဘတ်တပ်စခန်း၊ ဆမ်ပိုင်တပ်စခန်း၊ ဂါးရာယန်တပ်စခန်း၊ ရွှေညောင်ပင် ခြေလျင်တပ်ရင်း ခလရ-၃၂၁၊ ခရှီပြည်သူ့စစ်တပ်စခန်း၊ အင်းလေးတပ်စခန်း၊ လိုင်ဖောင်တပ်စခန်း၊ အောင်မြေ(၁)နှင့် အောင်မြေ(၂) စသည့် တပ်စခန်းများကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် ပါဝင်သည်။
#TachileikNewsAgency
Video : ကချင်တောင်တန်း