ရေးမြို့နယ် နှစ်ကရင်ရွာရဲစခန်းကို ပူးပေါင်းတပ်များတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ ရဟတ်ယာဉ်နှင့်ပစ်ခတ်သဖြင့် အရပ်သားထိခိုက်သေဆုံးသူများ

မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ရဲစခန်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၅)ရက်နေ့ နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုမှာ (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်နှင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ပူးပေါင်းတပ်များ ပြန်လည် ဆုတ်ခွါခဲ့ရကြောင်း သိရသည်။

နှစ်ကရင်ရဲစခန်းသည် ရဲများစခန်းထိုင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားများက အထိုင်ချထားခြင်းဖြစ်သည်ဟု သိရသည်။

ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သည် နှစ်ကရင်ကျေးရွာကို ရဟတ်ယဉ်နှစ်စီးဖြင့် ပစ်ခတ်မှုကြောင့် အရပ် သားသေဆုံးသူများပြီး ထိခိုက်သေဆုံးမှုကိုမူ အတိအကျ မသိရသေးဟု ဒေသခံများက Tachileik News Agencyကို ပြောသည်။

အသေးစိတ်အချက်အလက်အား သက်ဆိုင်ရာအဖွဲ့အစည်းများထံ Tachileik News Agency အနေဖြင့် ဆက်သွယ်ထားဆဲဖြစ်ပါသည်။

#TachileikNewsAgency

Video : CJ