နာဖော့တွင် စစ်ကောင်စီ ရဟတ်ယာဥ်ကို KIA ပစ်ချသည့်ရုပ်သံထွက်ပေါ်လာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဖော့ဒေါ့ကျေးရွာအုပ်စု၊ နာဖော့ဒေသရှိ တပ်စခန်းတစ်ခုသို့ ၂၀၂၄ ခုနှစ် ဇန်န၀ါရီလ (၃)ရက်နေ့က ရိက္ခာလာပို့သည့် စစ်ရဟတ်ယာဉ်ကို KIA က ပစ်ချလိုက်သည့်ရုပ်သံ ထွက်ပေါ်လာသည်။ 

အဆိုပါရုပ်သံမှာ နာဖော့တွင်ပစ်ချခံရသည့် ရဟတ်ယာဥ်ဖြစ်ကြောင်းကိုလည်း KIA စစ်ရေးသတင်းရင်းအမြစ်က Tachileik News Agency ကိုအတည်ပြုသည်။

ပစ်ချခံရသည့် ရဟတ်ယာဥ်မှာ ရုရှားထုတ် အလတ်စား သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် MI-17 အမျိုးအစားဖြစ်ကြောင်း သိရသည်။

KIA ပစ်ချလိုက်ခြင်းကြောင့် ရဟတ်ယာဥ်ပေါ်ပါ စစ်ကောင်စီ၏ လေတပ်အရာရှိ ဗိုလ်မှူးဇော်မျိုးသန့်၊ ဗိုလ်ကြီးကောင်းစံသိဏ်း၊ ဗိုလ်ကြီး စိုးပိုင်ကျော်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း၊ ဦးစီးတပ်ကြပ်ကြီး စိုးလွင်ဦး၊ ဦးစီးတပ်ကြပ်ကြီး မျိုးမင်းဦး၊ ဦးစီးတပ်ကြပ်ကြီး ဝေယံဦးနှင့် ဦးစီးတပ်ကြပ်ကြီး စွမ်းထက်အောင်တို့ သေဆုံးကြောင်း သိရသည်။

#TachileikNewsAgency

Video : မြောက်ပိုင်း ကျား