စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း ပျူစောထီးများ ကာကင်းယူလေ့ရှိသည့် အဆောက်အဦး တစ်လုံးအား တော်လှန်ရေးတပ်ဖွဲ့များမှ ကြိုတင်ထောင်ထားသည့် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF အဖွဲ့ထံမှ သိရသည်။
မုံရွာမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များ ကာကင်းယူလေ့ရှိသည့် အဆောက်အဦးတစ်လုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့ မနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ အဆောက်အဦးအတွင်း ကြိုတင်ထောင်ထားသည့် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် အဆောက်အဦးအတွင်းရှိ ပျူစောထီး တပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF အဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပျူစောထီး (၃) ဦးမှာ ကြက်တူရွေး ၊ ပုံဆိုးနှင့် တောပုရွာ ပျူစောထီး ခေါင်းဆောင် ချစ်သင်း၏တူ ဖြစ်သည်ဟု ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုအား ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ၊ မုံရွာမြို့နယ် ပကဖ ၊ Special Force 11 LPDF နှင့် Monya Special ဒိတ်ဒိတ်ကြဲ LPDF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video: Chaung U People's Defence Force