ယင်းမာပင်မြို့နယ်တွင် သစ်များသယ်ထုတ်နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ပုထိန်ပြင်-သံပို သစ်ကွင်းမှ သစ်များသယ်ထုတ်နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သစ်များသယ်ယူနေသည့် စစ်ကောင်စီတပ်ကို Federal Democratic Revolution Force (FDRF)၊ Justice Brothers Force၊ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊ ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုနှင့် အခြားသော မဟာမိတ်အဖွဲ့များက လက်နက်ကြီး (၆၀)မမဖြင့်  ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူရှိခဲ့ကြောင်း Federal Democratic Revolution Forceက ယနေ့ ဩဂုတ်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း ယင်းမာပင်ခရိုင်၊ ဘန့်ဘွေးရွာမဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို Federal Democratic Revolution Force(FDRF)၊ မုံရွာခရိုင်သံမဏိတပ်ရင်း-၂၅၊ Chindwin Myay Division တပ်ခွဲ-၇ တို့က လက်လုပ် (၆၀)မမ အပါအဝင် (၈၀)မမတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

VIDEO :Federal Democratic Revolution Force