အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ၏ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ သွားရောက် အမှာစကားပြောကြားကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။
ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းတွင် ကာကွယ်ရေးဝန်ကြီးက သင်တန်းသားများအနေဖြင့် စစ်မြေပြင်တွင် ပြတ်သားစွာ တိုက်ခိုက်နိုင်ပြီဟု ယုံကြည်ပြီး ၊ စွယ်စုံရ တပ်သားများဖြစ်ရန် ဆက်လုပ်လုပ်ဆောင်ကြရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။
“ဒီကနေ့ လေ့ကျင့်မှုကတော့ အားလုံးရဲဘော်တွေအနေနဲ့ စစ်မြေပြင်မှာ ပြတ်ပြတ်သားသား တိုက်နိုင်ပြီလို့ ယုံကြည်တယ်။ ကွန်မန်ဒို အပတ်စဉ်အနေနဲ့ အခု သင်တန်းပိုင်းကတော့ ပြီးပြီး ၊ သို့သော် ဆက်ပြီးတော့ လေ့လာသင်ယူရမယ့် ပညာရပ်တချို့ ရှိလိမ့်ဦးမယ်။ ကွန်မန်ဒိုဆိုတာကတော့ စွယ်စုံဖြစ်ရမယ် ၊ မိမိလက်နက် ရန်သူ့လက်နက် ဘယ်လက်နက်မဆို ကိုယ့်လက်ထဲရောက်လာရင် ကိုင်တွယ်ပစ်ခတ်တတ် ၊ သုံးစွဲတတ်အောင် ဒီ လေ့ကျင့်မှုတွေက ဆက်ပြီးလုပ်ဖို့လိုမယ်။”ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ကလည်း စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ပြုလုပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁)စစ်ဒေသ၏ နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များမှ အမှတ် (၁)စစ်ဒေသအတွင်းရှိ ခါမ်းပါတ်မြို့ ၊ ရွှေပြည်အေးမြို့ ၊ မော်လူးမြို့ ၊ မြို့သစ်မြို့ ၊ စဉ့်ကူးမြို့ ၊ တကောင်းမြို့ ၊ သပိတ်ကျင်းမြို့ နှင့် ပင်လည်ဘူးမြို့တို့အား တိုက်ခိုက်သိမ်းပိုက်ထားသည်။
#TachileikNewsAgency
#TNA_LE
Video : အမှတ် ၁ စစ်ဒေသ