မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာရဲစခန်းနှင့် တာဝါတိုင်စောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ကြောင်း မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။
မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာရဲစခန်းနှင့် တာဝါတိုင်စောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ ( ၂ ) ရက်နေ့ နံနက် (၈)နာရီတွင် ဒရုန်းဖြင့် ဗုံးသီး (၃)လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်သားနှင့်ရဲ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့ ညနေပိုင်းကလည်း ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာရှိ ရဲစခန်းအား နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး (၂)လုံးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း သိရှိရသည်။
#TachileikNewsAgency
Video: Natogyi People Defence Force