စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကြား ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီဖလက် (၃)စီးပါ ရေယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှေ့ထွက်ပြောင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ကြောင်း Peace Takers Task Force မှ ဇွန်လ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီဖလက် (၃)စီးပါ ရေယာဉ်တန်းကို ဇွန်လ (၂၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှေ့ထွက်ပြောင်း သုံးပြောင်းတစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
တိုက်ခိုက်မှုပြီးနောက် ရေယာဉ်ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအရ သိရှိနိုင်ခဲ့ခြင်းမရှိကြောင်း Peace Takers Task Force အဖွဲ့မှ ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအား Peace Takers Task Force – PTTF နှင့် The Brightness Monywa အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#TachileikNewsAgency
Video: Peace Takers Task Force- Version4