ထားဝယ်မြို့နယ်တွင် စစ်ဆေးရေးလုပ်နေသည့် ကောင်စီတပ် ပစ်ခတ်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ပကာရီကျေးရွာ ရွာလယ်လမ်းဆုံ၌ စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့ ညနေပိုင်းက သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)ထံမှ သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် ဂိတ်စောင့်နေသည့် စစ်ကောင်စီတပ်သားများသည် မူးယစ်ရမ်းကားနေပြီး ခရီးသွားပြည်သူများထံမှ မတရား ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိနစ်(၃၀)ခန့် ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီ တပ်စွဲထားသော ပကာရီရဲစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဥဩစစ်ကြောင်းသည် စစ်ရေးအရှိန်မြှင့်တင်နေသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးသောနေရာများတွင် စစ်ရေးသတိရှိစွာ ဖြတ်သန်းသွားလာကြရန် သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo :ဥဩစစ်ကြောင်း ထား၀ယ်မြို့နယ်