စေတုတ္တရာမြို့နယ် တပွင်ရွာ ရဲစခန်းကို PDFများ တိုက်ခိုက်မီးရှိူ့

မကွေးတိုင်း စေတုတ္တရာမြို့နယ် တပွင်ရွာရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၁၅)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါရဲစခန်းတွင် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ် ခလရ(၂၅၃၊ ၂၅၄၊ ၂၅၅)၊ ကပစ(၂၀) ပူးပေါင်းတပ်ဖွဲ့ အင်အား (၄၀)ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင်၊ တပ်ရင်း(၃)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်သားများက စခန်းကို စွန့်ခွာထွက်ပြေးသွားပြီး ပျုစောထီး (၂)ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ကာ

ဆိုင်ကယ်တစ်စီးနှင့် ရိက္ခာအနည်းငယ် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်များ စွန့်ခွာသွားသောစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : Ministry of Defence - NUG