မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့အနီးရှိ သာကြီးတောင်ရေနံမြေရဲစခန်းအား တော်လှန်ရေးတပ်ပေါင်းစုများ ဒရုန်းဖြင့်တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကမ္မမြို့ (P.D.F KAMMA) မှ သြဂုတ်လ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကမ္မမြို့အနီးရှိ သာကြီးတောင်ရေနံမြေရဲစခန်းအား ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ပေါင်းစုများမှ ဒရုန်းဖြင့် ဗုံးသီးအများအပြား ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် သာကြီးတောင်ရေနံမြေရဲစခန်း၏ အဆောက်အဦးတစ်ခု မီးလောင်ပြာကျသွားကြောင်း P.D.F KAMMA အဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား ကမ္မတပ်ပေါင်းစု ၊ King Fighter(SGF)၊ ပေါက် ပကဖ နှင့် အခြားသော မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video: Peoples Defence Force - Kamma