စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ သီလုံးပျူစောထီးကျေးရွာအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ရွှေဘိုမြို့နယ် သီလုံးပျူစောထီးကျေးရွာအား ဇွန်လ (၃၀) ရက်နေ့ ညခုနှစ်နာရီခွဲမှ ရှစ်နာရီခွဲအထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် လေးကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ပျူစောထီးများမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဇူလိုင်လ (၁)ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်တွင် ဒရုန်းဖြင့်ဗုံးသီး (၂)လုံး ထပ်မံပစ်ချတိုက်ခိုက်ခဲ့ပြီး နှစ်ရက်တာအတွင်း ဗုံးသီး (၆) လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သီလုံးကျေးရွာရှိ ပျူစောထီးများသည် ရပ်ရွာအတွင်း နေထိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ၏ လယ်ယာများအား မတရား ရိတ်သိမ်းယူဆောင်နေကြောင်း တိုင်ကြားမှုရှိသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ဆိုသည်။
တိုက်ခိုက်မှုအတွင်း ပျူစောထီးကျေးရွာမှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Shwebo Crocodile၊ M.S.N M.SAI NAW ပြောက်ကျားအဖွဲ့ ၊ Ayadaw Rocket (LPDF)၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်း(ဒပယ)၊ ဗိုလ်လင်းရောင်(ဒပယ)၊ ရွှေဘိုအားမာန် (UG)၊ Shwebo Federal Army ၊ Bo Ba Taw (LPDF)၊ HG FIGHTRS (LPDF)၊ ဒေါင်းစစ်သည်အဖွဲ့၊ ဂျိုကာပြည်သူ့ကာကွယ်ရေးအဖွဲ့၊ EYE FOR EYE ၊
ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ စွန်ရဲရွှေဘို(LPDF)၊ Zay Yar Thawed ၊ Yaung NI ၊ Flying Dragon Force နှင့် Hinthar People Defence Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video: ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့