ရဲစခန်းအားတိုက်ခိုက်ရန်သွားသည့် PDF တပ်များနှင့် ရေချိုးဆင်းလာသည့် စစ်ဗိုလ်တစ်ဦးနှင့် ရဲတစ်ဦးတို့ အနီးကပ်တွေ့ကာ ပစ်ခတ်ခံရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ရေချိုးဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်တစ်ဦးနှင့် ရဲတစ်ဦးတို့ ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့ ညနေပိုင်းက အနီးကပ် ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် လုံချည်းအနီးရှိ MOGE ရေနံရဲကင်းစခန်းအား ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ရန် အနီးကပ်ဝင်ရောက်စဉ် ရေချိုးရန်ထွက်လာသည့် ဗိုလ်တစ်ဦးအပြင် နောက်မှပါလာသည့် ရဲတစ်ဦးတို့နှင့် အနီးကပ်ဆုံမိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အနောက်မှပါလာသည့် ရဲများနှင့် ဒေသကာကွယ်ရေးတပ်များ အကြားနာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကို မိမိတို့ M.V.P Revolution Force၊ ပုံတောင်တပ်ဖွဲ့(ပုလဲ)၊ Royal7၊ ယင်းမပင်ခရိုင်တပ်ရင်း(၇)တို့က ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : M.V.P Revolution Force