စစ်ကောင်စီတပ်၏ ကန်တောင်ယန်စခန်း KIA နှင့် AA ပူးပေါင်းသိမ်းပိုက်

ကချင်ပြည်နယ် ဗန်းမော်နှင့် မြစ်ကြီးနားလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ကန်တောင်ယန်(ဂန်‌ဒေါင်ယန်)စခန်းကို ယနေ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ရက္ခိုင့်တပ်တော်(AA) ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်များက သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ယင်းစခန်းကို ဦးဆောင်နေသော စစ်ကောင်စီ ခမရ (၃၈၇)တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည်ဟု သိရသည်။

စခန်းသိမ်းပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

ထို့အပြင် ယနေ့တွင်ပင် KIAနှင့် AA ပူးပေါင်းတပ်ဖွဲ့တို့သည် နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ခလရ (၃၂၄) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Video : Operation 1027 - 3BHA