စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်အတွင်း ဝမ်းပြည့်ကျေးရွာ နှင့် အလ္လက္ကပ္ပကျေးရွာအကြား ဖြတ်သန်းလာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်အား ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား(၂)စီး မိုင်းထိသွားကြောင်း သိရသည်။
စစ်ကိုင်း မှ မုံရွာဘက်သို့သွားသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းအား မြင်းမူမြို့နယ်အတွင်း ဝမ်းပြည့်ကျေးရွာ နှင့် အလ္လက္ကပ္ပကျေးရွာအကြားတွင် မိုက်ဆွဲတိုက်ခိုက်လိုက်ခြင်းကြောင့် အာဏာသိမ်းစစ်တပ်၏ ယာဉ်(၂)စီး ထိမှန်ကာ ယာဉ်ပေါ်ပါ အာဏာသိမ်းတပ်သားများ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတိအကျ မသေးကြောင်း နှင့် ဒေသကာကွယ်ရေးအဖွဲ့ဘက်က ထိခိုက်မှုမရှိကြောင်း Black Eagle Defence Force-MMUက သတင်းထုတ်ပြန်ထားရှိသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့ Black Eagle Defence Force-MMU အဖွဲ့က ဦးဆောင်ပြီး Myin Mu Defence Force-MMDF၊ မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့ ၊ People's Defence Force Myinmu(MMPDF)၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)စသည့် ညီနောင်မဟာမိတ်(၅)ဖွဲ့မှ မဟာမိတ်စစ်ဆင်ရေးအဖြစ် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အချိန်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
video: Black Eagle Defence Force - MMU