ရှမ်း-ကယားနယ်စပ် လွယ်ဟွဲကျေးရွာက နေအိမ်များကို  အာဏာသိမ်းစစ်တပ်က မီးရှို့လို့ ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက် ရှင်းလင်း ငြှိမ်းသတ်

ရှမ်း - ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်း ဒီနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့မှာ လွယ်ဝှဲကျေးရွာတွင်းက နေအိမ်အချို့ကို အာဏာသိမ်းစစ်တပ်က  မီးရှို့နေတဲ့အတွက် ဖယ်ခုံ pdf ပါဝင်တဲ့  ဒေသကာကွယ်ရေးအဖွဲ့များက တက်ရောက်ရှင်းလင်းတဲ့အခါမှာ ရွာတောင်ဘက်ကို အာဏာသိမ်းစစ်တပ်တွေဟာ တပ်ဆုတ်ခွာသွားကြပါတယ်။

 ဒေသကာကွယ်ရေးအဖွဲ့များက တက်ရောက်ရှင်းလင်းပြီး မီးငြှိမ်းကြတဲ့အတွက် နေအိမ်(၃)လုံးသာ လောင်ကျွမ်းခဲ့ကြောင်း ဖယ်ခုံ pdf က ဒီကနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ညနေ(၃)နာရီအချိန်အထိ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့များစုပေါင်းတဲ့အဖွဲ့တို့အကြား တိုင်းပွဲ ပြင်းထန်နေလျက်ရှိတယ်လို့ သိရပါတယ်။

ကျေးရွာများအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုများကြောင့် ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။၊

 TachileikNewsAgency

video: ဖယ်ခုံ PDF