စစ်တပ်က ပြည်သူများ၏ နေအိမ်ကို လက်နက်ကြီးဖြင့် ပစ်ပြီး မီးရှို့ဖျက်ဆီးသွား

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်က ဒေသခံများ၏ နေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်သွားသည်။

နှမ်းခါးရွာအတွင်းမှ အိမ်အသေးများကနေ အိမ်ကြီးများအထိ အနည်းဆုံး အိမ်ခြေ(၃၀)အထက် ဖျက်ဆီးခံထားရပြီး ကျေးရွာတွင်းနေ ပြည်သူများမှလည်း အာဏာသိမ်း စစ်တပ်၏ ညှမ်းပန်းနှိပ်စက်မှုကို မခံလို၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံ သိရသည်။



video: ဂန့်ဂေါ(PDF)