ဒီးမော့ဆိုမြို့သို့ တာဝေးပစ်အမြှောက်များ ဆက်ပစ်ခတ်နေသလို တိုက်လေယာဥ်ဖြင့်ပါ ဗုံးကြဲနေ

ကယား(ကရင်နီ)ပြည်နယ် ၊ ဒီးမောဆိုမြို့နယ်အတွင်းသို့ ယနေ့ မေလ(၃၁)ရက်နေ့ ညပိုင်းတွင် တာဝေးပစ်အမြှောက်များအား ဆက်တိုက်ပစ်ခက်နေသည့်အပြင် တိုက်လေယဥ်ဖြင်ပါ ဗုံးကျဲတိုက်ခိုက်နေကြောင်းသိရသည်။ 

ညနေက ရဟတ်ယာဥ်နဲ့ လာပစ်သွားတယ်။ အခု တိုက်လေယာဥ်နဲ့ ရောက်လာပြီး ဗုံးကျဲချတယ်။ အပေါ်ကနေ စက်သေနတ်နဲ့ အတွဲလိုက်ပစ်နေတယ် ။ ပစ်ပြီး ပြန်သွားတယ် ပြီးရင် ပြန်လာပစ်တယ်။ အခု ချိန်ထိ အမြှောက်လဲ ပစ်တယ်။ ခုက တိုက်လေယာဥ်နဲ့ပါ လာပစ်နေပါတယ်

ဟု ဒေသခံတစ်ဦးက ည (၇) နာရီအချိန်တွင် အတည်ပြုပြောသည်။ 

မေလ (၃၁)ရက်နေ့ နေ့လည်ပိုင်းမှစ၍ လက်ရှိချိန်ထိ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအနီး ကျောက်ဆည်ကန် နားတစ်ဝိုက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီ ဖက်မှ အမြှောက်လက်နက်ကြီးများ အပြင် ရဟတ်ယာဥ် ပါအသုံးပြု၍ ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး ယခုညပိုင်းတွင် တိုက်လေယာဥ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်​နေခြင်း ဖြစ်ကြောင်းသိရသည်။ 

လွိုင်ကော်မြို့ အခြေစိုက် အမြှောက်တပ်မှ မေလ (၃၁)ရက်နေ့ နေ့လည်ပိုင်းမှစ၍ ဒီးမော့ဆိုဖက်သို့ လက်ရှိချိန်ထိ တာဝေးပစ်အမြှောက်များ အချက်ပေါင်းများစွာ ပစ်ခတ်လျှက်ရှိပြီး ည (၇)နာရီအထိ တိုက်လေယာဥ်များကိုပါ အသုံးပြု၍ ဗုံးကျဲခြင်း လေယဥ်ပေါ်မှ စက်သေနတ်များဖြင့် အတွဲလိုက်ပစ်ခတ် တိုက်ခိုက်လျှက်ရှိ​ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားနေသည့် ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာ အနီးကျောက်ဆည်ကန် အနီးမှ ပြည်သူ့ကာကွယ်ရေးတပ်များ ဆုပ်ခွာပေးထားပြီ ဖြစ်သော်လည်း စစ်ကောင်စီဖက်မှ တိုက်လေယာဥ်များပါသုံး၍ ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ပြီး PDF ဖက်မှ ထိခိုက်ကျဆုံးသူ အချို့ရှိပြီး အသေးစိတ်ကိုတော့ အတည်ပြု၍ မရသေးကြောင်းသိရသည်။

 

VDO: CJ