ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာများမှာ အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်အသုံးပြုကာ ပစ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ ညနေပိုင်းက အာဏာသိမ်းစစ်တပ်က စစ်ရဟတ်ယာဉ် (၅)စီးအသုံးပြုပြီးတော့ ကျေးရွာတွင်းနေသူ ပြည်သူများကို ရဟတ်ယာဉ်ပေါ်က ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြပါတယ်။



အခုလို ပစ်ခတ်တဲ့နေရာဟာ ဒီပဲယင်းမြို့နယ်ရဲ့ အရှေ့ခြမ်း မူးမြစ်အနီးရှိ သစ်တုံကျေးရွာ နဲ့ ဆည်ကြီးကျေးရွာတို့ကို စစ်ရဟတ်ယာဉ်များနဲ့ ပစ်ခတ်ခြင်းဖြစ်သလို ဝဲကြီးနဲ့သပြေသာ ကျေးရွာဘက်မှာလည်း ဒီနေ့ နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက်မှာလည်း အာဏာသိမ်းစစ်တပ်ဘက်က ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။