ငလျင်ဒဏ်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak နယ်မြေရှိ ငွေစာရင်းစစ်ချုပ်ရုံး ဆောက်လုပ်ဆဲတိုက် ပြိုကျမှုတွင် မြန်မာလုပ်သားများလည်း ပိတ်မိနေသည်ဟု စုံစမ်းသိရှိရသည်။
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေလယ်ပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် အထပ်(၃၀)ရှိ ဆောက်လုပ်ဆဲ တိုက်ပြိုသွားပြီး အလုပ်သမား (၅၀)ဦး အနက် (၄၃)ဦးမှာ ပိတ်မိနေကာ ထိုအထဲတွင် မြန်မာအလုပ်သမားများလည်း ပါဝင်သည်ဟု သိရှိရသည်။
လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပြီဖြစ်ပြီး အသေးစိတ်အချက်အလက်ကို မသိရသေးပါ။
#TachileikNewsAgency
Photo:Internet
ငလျင်ကြောင့် ဘန်ကောက်မြို့ ငွေစာရင်းစစ်ချုပ်ရုံး ဆောက်လုပ်ဆဲတိုက်ပြိုကျမှု မြန်မာလုပ်သားများပိတ်မိနေ
Featured News
ဧပြီ 1, 2025