မော်လမြိုင် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် သုံးမွှာပူး အောင်မြင်စွာ မွေးဖွား

မော်လမြိုင် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် သုံးမွှာပူး အောင်မြင်စွာ မွေးဖွား

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ခုတင်(၂၀၀)ဆံ့  အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် ယောင်္ကျားလေး သုံးမွှာပူး အောင်မြင်စွာ ခွဲစိတ် မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးများကို ၂၀၂၅ခုနှစ် မတ်လ(၂၅)ရက်နေ့ နေ့လယ်(၁)နာရီ (၃၃)မိနစ်အချိန်က ခွဲစိတ် မွေးဖွားခြင်းဖြစ်သည်။

လက်ရှိတွင် ကလေးငယ်များအား ဆေးရုံကြီး၏ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိပြီး ကလေးအထူးကုဆရာကြီးများက စောင့်ရှောက်ပေးထားကြောင်း သိရသည်။