မကွေးတိုင်း စေတုတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ချက်ချင်းနှုတ်ထွက်ရန် စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။
စေတုတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွင် အဓိကပါဝင်နေသော မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများ စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားမှ ချက်ချင်းနှုတ်ထွက်ရမည်ဟု ဆိုသည်။
ပြည်သူများအား စစ်မှုထမ်းစေခြင်း၊ ပြည်သူ့စစ်ဖွဲ့ခြင်း၊ ပျူစောထီးဖွဲ့ခြင်းများ (လုံးဝ)မလုပ်ဆောင်ရဟု သတိပေးထားပြီး လိုက်နာခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟုလည်း ဆိုသည်။
ထို့အပြင် အကြောင်းရှိပါက စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ချိတ်ဆက်ပူးပေါင်း အစီရင်ခံရမည်ဟုလည်း ဆိုသည်။
စစ်တပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများအား ဒေါက်တိုင်လုပ်ခြင်း၊ ကူညီပံ့ပိုးခြင်း၊ သတင်းထောက်ပို့လုပ်ခြင်းများအား ပြန်ပြန်ထန်ထန် အရေးယူနေပြီဖြစ်ကာ ဆက်လက်ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် စစ်တပ်၏ စခန်းအနီးများ၊ ယာဥ်တန်းများအနီးနှင့် စစ်ကောင်စီတပ်သားများ၏ အနီးတွင် သွားလာနေထိုင်ခြင်း မပြုကြရန်အပြင် မနက်(၅)နာရီမှ ည(၇)နာရီအတွင်းသာ လမ်းခရီးများ သွားလာကြရန်လည်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency