မိုင်းဆတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ပိန်းခမ်းတစ်ရွာလုံး ရေနစ်မြုပ်ခဲ့ရသည့်အတွက် အကူအညီများ လိုအပ်နေ

မိုင်းဆတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ပိန်းခမ်းတစ်ရွာလုံး ရေနစ်မြုပ်ခဲ့ရသည့်အတွက် အကူအညီများ လိုအပ်နေ
စက်တင်ဘာ 22, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မိုင်းဆတ်မြို့နယ် မိုင်းယွန်း(တာကူး) ကျေးရွာအုပ်စုအတွင်း နမ့်ခုတ်ချောင်းအနီးရှိ ပိန်းခမ်းကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် တစ်ရွာလုံး ရေလွှမ်းမိုးမှုကို ခံခဲ့ရသည့်အတွက် နေအိမ်(၈၅)လုံး ရေထဲနစ်မြုပ်သွားရခြင်းကြောင့် ရေဘေးသင့် ပြည်သူများအတွက် စက်တင်ဘာလ(၂၂)ရက်နေ့အထိ အကူအညီများစွာ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

"ပိန်းခမ်း က အိမ်ခြေ (၈၅)လုံး တစ်ရွာလုံး ရေမြှုပ်သွားတယ်။ ရစရာလဲ မရှိတော့ဘူး။  အစားအသောက် နဲ့ အသုံးအဆောင်တွေ အကူအညီလိုအပ်နေပါတယ်။ ဒီနေ့အထိ အကူအညီလိုအပ်နေပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့နည်းတူ မိုင်းဆတ်မြို့တွင်လည်း ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကစပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း အင်တာနက်နှင့်ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ရသည့်အတွက် မိုင်းဆတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ကြုံခဲ့ရသည့် အခြေအနေများကို ရပ်ဝေးနေသူများ မသိခဲ့ရခြင်းဖြစ်သည်။

တစ်ရွာလုံးရေနစ်မြုပ်ခဲ့ပြီး အကူအညီလိုအပ်နေသည့် ပိန်းခမ်းရွာသည် မိုင်းဆတ်မြို့တွင်းနှင့် ကွာဝေးပြီး နမ့်ခုတ်ချောင်းရေ လျှံလာမှုကြောင့် ရေဘေးသင့်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Nang ShweNu