တာချီလိတ်တပ်နယ် ဆေးအဖွဲ့က ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဆရာတော်နှင့် ရဟန်းသာမဏေ၊ ယောဂီများအား ကျန်းမာရေး စောင့်ရှောက်ပေး

တာချီလိတ်တပ်နယ် ဆေးအဖွဲ့က ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဆရာတော်နှင့် ရဟန်းသာမဏေ၊ ယောဂီများအား ကျန်းမာရေး စောင့်ရှောက်ပေး
မေ 22, 2020
By Tachileik News Agency
တာချီလိတ်တပ်နယ် ဆေးအဖွဲ့က ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဆရာတော်နှင့် ရဟန်းသာမဏေ၊ ယောဂီများအား ကျန်းမာရေး စောင့်ရှောက်ပေး

Covid-19 ကြိုတင်ကာကွယ်ရေးအတွက် တန်းဆွမ်း အပါအဝင် ဆွမ်းအလှူခံခြင်းများကို ယာယီရပ်နားထားသည့် တာချီလိတ်မြို့ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဆရာတော် နှင့်  ရဟန်း သာမဏေများနှင့် ယောဂီများအား တာချီလိတ်တပ်နယ်ဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုပေးထားကြောင်း သိရသည်။

စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး နှင့် တာချီလိတ်တပ်နယ် ဆေးအဖွဲ့မှ ၂၀၂၀ခုနှစ် မေလ(၂၂)ရက်နေ့ နံနက်ပိုင်းက  ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာ စရိယ၊ Ph.D ( Vipassana Bhavana MCU  ) (Thailand) အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဒေါက်တာ ဘဒ္ဒန္တဝိရောစနအပါ အဝင် ရဟန်း သာမဏေများနှင့် ယောဂီများ အပြင် ဝေယျာဝစ္စ ကျောင်းသားများ၏ ကျန်းမာရေးအား ကျန်းမာရေးစစ်ဆေးပေးမှုအဖြစ် ဆေးဝါးများထောက်ပံ့လှူဒါန်းပေးကြောင်း သိရသည်။

''တစ်ချို့ မနာမကျန်းသလို ဖြစ်တဲ့သူတွေကို ဆေးပေးတယ်၊ ဆေးထိုးပေးတယ်၊ သွေးတိုးတဲ့သူကို သွေးကျဆေးပေးတယ်၊ ဖျားနာ နာတာတွေတော့ မရှိဘူး၊"ဟု ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ အကျောင်းအကျိုးတော်ဆောင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တန်းဆွမ်း ကြွလေ့ရှိသည့် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ကြိုတင်ကာကွယ်ရေးအနေဖြင့် တန်းဆွမ်း အပါအဝင် ဆွမ်းအလှူခံခြင်းများကို ၂၀၂၀ခုနှစ် ဧပြီလ(၄)ရက်နေ့က စ၍ ယာယီရပ်နားထားခြင်း ဖြစ်သည်။

ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် ဆရာတော်ကြီး အပါအဝင် ရဟန်းသာမဏေ အပါး(၇၀)၊ အမျိုးသမီးယောဂီ (၅၄)ဦး နှင့် ဝေယျာဝစ္စကျောင်းသား (၄၇)ဦး စုစုပေါင်း (၁၇၁)ရှိပြီး ထိုင်းနိုင်ငံမှပင် ရဟန်းနှင့် သာမဏေများ အပါအဝင် ယောဂီများ လာရောက်၍ တရားအားထုတ်နေသည့် ကမ္မဌာန်းကျောင်းတိုက် ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~