ကျောက်ကြီးမြို့နယ် ရွာကြီးအင်းရွာတွင် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်

ကျောက်ကြီးမြို့နယ် ရွာကြီးအင်းရွာတွင် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ရွာကြီးအင်းရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။

ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦး သေဆုံးပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ကူများ အဆက်မပြတ်ပို့ဆောင်ပြီး လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ပစ်ကူပေးခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ် (၂)စစ်ဒေသခွဲ P2-7803 ရိုးမ ၁ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ ၂ စစ်ကြောင်း၊ ဖြူးပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် KNLA တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ (ပုံဟောင်း)