ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာများအား Fixed Wing Drone များဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်

ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာများအား Fixed Wing Drone များဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်

စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ Fixed Wing Drone များဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း KLG PDF မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် ရဲစခန်း ၊ လမ်းဂိတ်နှင့် ဘောလုံးကွင်းထဲတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဇူလိုင်လ (၄)ရက်နေ့ နေ့လယ် (၂)နာရီတွင် Fixed Wing Drone များဖြင့် ဗုံးသီး (၉)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး (၃)လုံးပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KLG PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ Tachileik News Agency သို့ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း KLG PDF အဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် (၂၁ ၊ ၂၂ ၊ ၂၃) KLG PDF၊ People Revolution Armed Force၊ ချင်းတွင်းဘရားသား၊ ဗျဝိ ဗျတ္တညီနောင်၊ တပင်ရွှေထီး၊ ယင်းမာပင်ခရိုင်ရင်း (၉) ဗိုလ်နားထိုင်းတပ်ခွဲနှင့် ဘုတလင်မြို့နယ် အုပ်ကြီးနှင့်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency