တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲ လှုပ်ရှားနယ်မြေအတွင်း သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်သေဆုံး

တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲ လှုပ်ရှားနယ်မြေအတွင်း သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်သေဆုံး
စက်တင်ဘာ 6, 2024 | 2021 Military Coup| အခြားဒေသများ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိတပ်များ လှုပ်ရှားသည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း (၂၀) တွင် ၂၀၂၄ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်သေဆုံးပြီး (၉၀)ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်သည်။

သြဂုတ်လအတွင်း အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိတပ်များ လှုပ်ရှားသည့်နေရာများတွင် တိုက်ပွဲပေါင်း (၃၂)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၄၀)ဦး သေဆုံးပြီး (၉၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်အမျိုးအစားအစုံအလင် အလက်ပေါင်း (၃၀)ကို သိမ်းဆည်းရမိခဲ့ပြီး ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ ရဲဘော် (၁)ဦးကျဆုံးခဲ့ကာ (၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၁၈)ဦး သေဆုံးကာ (၃၆) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ 

တိုက်ခိုက်မှုများကို တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်များ ပူးတွဲပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ