မြောင်မြို့မရဲစခန်းအား Fixed Wings Drone များဖြင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ဗုံးသီးကြဲချတိုက်ခိုက်

မြောင်မြို့မရဲစခန်းအား Fixed Wings Drone များဖြင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ဗုံးသီးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်း မြောင်မြို့မရဲစခန်းအား PDF ပူးပေါင်းတပ်ဖွဲ့မှ Fixed Wings Drone များဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ကြောင်း စစ်ကိုင်းခရိုင် အမှတ်(၄) တပ်ရင်း - MSPDF မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြောင်မြို့မရဲစခန်းအား စစ်ကိုင်းခရိုင် အမှတ်(၄) တပ်ရင်း-MSPDF အဖွဲ့နှင့်အတူ ညီနောင်မဟာမိတ်များမှ ဇူလိုင်လ (၁၇)ရက်နေ့ မနက်ရှစ်နာရီခွဲဝန်းကျင်မှ ကိုးနာရီခွဲခန့်အထိ Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် 1 KG AIR BOMB (၁၄)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုတွင် ပစ်မှတ်အား တိကျစွာတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း MSPDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ Tachileik News Agency သို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား စစ်ကိုင်းခရိုင် ဒရုန်းတပ်ရင်း-SDDF၊ စစ်ကိုင်းခရိုင် အမှတ်(၄) တပ်ရင်း-MSPDF ၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်းနှင့် မိတ္ထီလာ Special Defence Force တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency