ငါန်းဇွန်မြို့နယ် နဝရတ်ရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်နေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

ငါန်းဇွန်မြို့နယ် နဝရတ်ရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်နေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

မန္တလေးတိုင်း တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် နဝရတ်ရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်နေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း Youths of Mandalay အဖွဲ့ထံမှ သိရသည်။

ငါန်းဇွန်မြို့နယ် နဝရတ်ရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်နေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် သြဂုတ်လ (၃) ရက်နေ့ မနက်ဆယ်နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး (၁)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ပြီး လက်နက်ကြီးဖြင့် ကောင်တာတစ်ကြိမ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Youths of Mandalay အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား Youths of Mandalay (Y.O.M)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၆) တပ်ခွဲ (၃) နှင့်အတူ ဧရာဝတီမင်းသားပြောက်ကျားအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency