မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား PDF တိုက်ခိုက်

မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား PDF တိုက်ခိုက်

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ဒရုန်း နှင့် တိုက်မိုင်းများဖြင့် တိုက်ခိုက်ကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့ ညနေ (၅)နာရီခန့်တွင် ထွက်လာသည့် အင်အား (၄၀)ခန့် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်မိုင်းများနှင့် Fixed Wing ဒရုန်းများ အသုံးပြု၍ ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးထက်မနည်း ထိခိုက်နိုင်ပြီး  ထိခိုက်ကျဆုံးစာရင်းအား ဆက်လက်စုံစမ်းလျှက်ရှိသည်ဟု ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား ဂန့်ဂေါခရိုင်အမှတ် (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉) တပ်ရင်းများ ၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့နှင့် ဂန့်ဂေါမြို့နယ် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

#TachileikNewsAgency

Photo: ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့