တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသဖြင့် တနင်္သာရီ-မောတောင် လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် Black Cobra Column အဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။
တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်မှ စ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲများကြောင့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။
တိုက်ပွဲများကြောင့် တနင်္သာရီ - မောတောင် လမ်းမကြီးတစ်လျှောက် ရေဖြူကျေးရွာမှ သဲဖြူကျေးရွာအထိ လမ်းပိုင်းကို မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်နှင့် သဲဖြူကျေးရွာမှ မောတောင်နယ်စပ်အထိ လမ်းပိုင်းကို ဒေသခံပြည်သူများမှအပ ပြင်ပခရီးသွားဧည့်သည်များအနေဖြင့် အသုံးပြုသွားလာခြင်းမပြုကြရန် အသိပေးထားသည်။
ဆက်လက်၍ နောက်ထပ်တရားဝင်ကြေညာချက်မထုတ်ပြန်မီအချိန်ထိ ယခု ထုတ်ပြန်ချက်သည်သာ အတည်ဖြစ်ကြောင်း BLACK COBRA COLUMN အဖွဲ့က အသိပေးထားသည်။
BLACK COBRA COLUMN စစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၄) လက်အောက်ခံ အမှတ် (၁၁) တပ်ရင်းမှ ဖွဲ့စည်းထူထောင်ထားသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။
#TachileikNewsAgency
#TNA_LE
Photo: LACK COBRA Column (ပုံဟောင်း)