မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့တွင် စစ်ကောင်စီတပ်၏ သံပြားကာကားတစီးအား ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ နေ့လယ် (၂)နာရီခန့်တွင် ရေစကြိုမြို့ပေါ်မှ သံပြားကာကားဖြင့် တပ်ထဲသို့သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရေစကြိုမြို့အထွက် ဘက်စုံခြံနားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ (၅)လုံးတွဲမိုင်း (၂)ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကြောင့် အဆိုပါ စစ်ကားသည် ခေတ္တရပ်တန့်သွားပြီး ခဏအကြာတွင် တပ်တွင်းသို့ ဆက်လက်မောင်းနှင်ထွက်ခွာသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် ရေစကြိုမြို့နယ် မြို့မရဲစခန်းမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)