မြစ်သားမြို့နယ် မန်ကျီးကန်ရွာမှ ပျူစောထီးခေါင်းဆောင်အား တော်လှန်ရေးအင်အားစုများ ပစ်ခတ်ရှင်းလင်း

မြစ်သားမြို့နယ် မန်ကျီးကန်ရွာမှ ပျူစောထီးခေါင်းဆောင်အား တော်လှန်ရေးအင်အားစုများ ပစ်ခတ်ရှင်းလင်း
စက်တင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မြစ်သားမြို့နယ် မန်ကျီးကန်ရွာမှ ပျူစောထီးခေါင်းဆောင် မိုးနိုင်အား တော်လှန်ရေးအင်အားစုများမှ ပစ်ခတ်ရှင်းလင်းကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (K.R.A) ထံမှ သိရသည်။

မြစ်သားမြို့နယ် မန်ကျီးကန်ရွာမှ ပျူစောထီးခေါင်းဆောင် မိုးနိုင်အား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်တွင် မန်ကျီးကန်ကျေးရွာရှိ ဘော်လီဘောကွင်းအတွင်း၌ တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင်သည် မြစ်သားမြို့အနောက်ခြမ်းရှိ ကျေးရွာငါးရွာခန့်မှ အုပ်ချုပ်ရေးမှူးများအား ကြိုးကိုင်ပြီး စစ်ဗိုလ်မှူးများနှင့် တိုက်ရိုက်ချိတ်ဆက်ကာ စစ်မှုထမ်းကိစ္စများကို ဦးဆောင်လုပ်ကိုင်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်(K.R.A) အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်(K.R.A)၊ မြင်းခြံ 35 ပြောက်ကျားတပ်ဖွဲ့နှင့် စဉ့်ကိုင်မြို့နယ် (ပ.က.ဖ) တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency