ငပလီရှိ ခလရ ၅၅ ကို AA သိမ်းပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်များအား ဆက်လက်ထိုးစစ် စတင်ရန်ပြင်ဆင်

ငပလီရှိ ခလရ ၅၅ ကို AA သိမ်းပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်များအား ဆက်လက်ထိုးစစ် စတင်ရန်ပြင်ဆင်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အ‌ခြေစိုက် ငပလီကမ်းခြေရှိ ခလရ (၅၅)တပ်ရင်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ထုတ်ပြန်သည်။

သံတွဲအခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅)တပ်ရင်းအား ဇူလိုင်လ (၉)ရက်နေ့တွင် အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းနှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သံတွဲအခြေစိုက် တပ်ရင်းတစ်ခုဖြစ်သော ခမရ(၅၆၆)အား ဇွန်လ (၂၇)ရက်နေ့တွင် AAက အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများ၊ စစ်ကူလာပေးသော စစ်ကောင်စီတပ်များနှင့် သံတွဲမြို့အတွင်းရှိလက်ကျန် စစ်ကောင်စီတပ်သားများသည် သံတွဲမြို့နှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကိုဆင်နွှဲရန် ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွှဲရဦးမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk