ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း ကုန်းတလပေါင်းစံပြကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ၍ မင်္ဂလာဒုံမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထဲက ပထမဆုံး သတ်ခံရသူဖြစ်ကြောင်း သိရသည်။
ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အချိန်က သေနတ်ဖြင့် (၃)ချက် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတာဝန်ကနေ နှုတ်ထွက်ကြောင်း သတင်းဖြန့်ထားသော်လည်း အမှန်တကယ်မှာ နှုတ်ထွက်ခြင်းမရှိဘဲ အုပ်ချုပ်ရေးရုံးနှင့် သက်ဆိုင်ရာနေရာများတွင် တွေ့နေရပြီး တာဝန်ကို တိတ်တဆိတ်ထမ်းဆောင်နေသူဖြစ်သည့်အပြင် ဖမ်းဆီးမှုအချို့တွင် အမှုဆင် လိမ်လည်ကာ ဖမ်းဆီးခိုင်းသူ ဖြစ်သည်ဟု ဒေသအခြေပြု မင်္ဂလာဒုံအမျိုးသားမီဒီယာ ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။