Y.F.A ၏ တိုက်ခိုက်ရေးနှင့် သင်တန်းရေးရာမှူး ကျဆုံးသွား

Y.F.A ၏ တိုက်ခိုက်ရေးနှင့် သင်တန်းရေးရာမှူး ကျဆုံးသွား

 Yangon Federal Army - Y.F.A ၏ တိုက်ခိုက်ရေးနှင့် သင်တန်းရေးရာမှူးဖြစ်သူ ကိုညီညီ(ခ)ကိုမျိုးမင်းထွန်းသည် ယနေ့ ဧပြီလ(၃)ရက်နေ့ ကျဆုံးသွားကြောင်း သိရသည်။

ကိုညီညီ(ခ)ကိုမျိုးမင်းထွန်းသည် ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်လူငယ်‌ရေးရာကော်မတီ၊ တွဲဖက်အတွင်းရေးမှူး (၁)အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကာ မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားချိန် စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့သူဖြစ်သည်။

၎င်း ကျဆုံးမှုအတွက် ကျန်ရစ်သူမိသားစုနှင့်ထပ်တူခံစားရကြောင်း Yangon Federal Army - Y.F.A က ထုတ်ပြန်ထားသည်။  

 

ကိုညီညီ (ခ) ကိုမျိုးမင်းထွန်း( အစ္စလာမ် ဘာသာဝင် ) PDF ရဲဘော်သည် ယနေ့ ၃.၄.၂၀၂၂ တွင် တော်လှန်ရေးအတွက် ရဲရင့်စွာ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပါသည်။ တော်လှန်ရေး သွေးကြွေးများတွင် ဆွေးနွေးစရာ မရှိသောကြောင့် ပြည်သူများအနေဖြင့် မြို့ပြတွင် သတိပြု နေထိုင်ကြပါရန် ထပ်ဆင့် မေတ္တာ ရပ်ခံအပ်ပါသည်။

ဟု  Yangon Federal Army - Y.F.A က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

မည့်သည်နေရာတွင် ကျဆုံးသည်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပေ။

 

#TachileikNewsAgency