အမှန်တရားကိုမျက်ကွယ်ပြုပြီး အလှူ့ရှင်များအကြိုက်ဆောင်ရွက်နေသူများ ထိုက်တန်သည့် အနာဂတ်နိုင်ငံရေးတွင်ပျော်ရွှင်ရန် ဆုတောင်းပေးကြောင်း AA စစ်ဦးချုပ်ပြောဆို

အမှန်တရားကိုမျက်ကွယ်ပြုပြီး အလှူ့ရှင်များအကြိုက်ဆောင်ရွက်နေသူများ ထိုက်တန်သည့် အနာဂတ်နိုင်ငံရေးတွင်ပျော်ရွှင်ရန် ဆုတောင်းပေးကြောင်း AA စစ်ဦးချုပ်ပြောဆို

အမှန်တရားကိုမျက်ကွယ်ပြုပြီး အလှူ့ရှင်များအကြိုက်ဆောင်ရွက်နေသူများ ထိုက်တန်သည့် အနာဂတ်နိုင်ငံရေးတွင်ပျော်ရွှင်ရန် ဆုတောင်းပေးကြောင်း AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ၎င်း၏ X လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပြောဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာနေအိမ်များကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များမှ မီးရှို့ခြင်း၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုမှုများထွက်ပေါ်လာပြီးနောက် AA စစ်ဦးစီးချုပ်မှ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ၂၀၂၄ခုနှစ် မေလ (၂၂)ရက်နေ့တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

“ယေဓမ္မဟေတုပ္ပဘာဝါ အကြောင်းအကျိုးဆီလျှော်သော အမှန်တရားထက်၊ အလှူ့ရှင်များအကြိုက် မျက်နှာပြောင်တိုက်ကြလေသော ကြောင်သူတော်မိတ်ဆွေတို့အတွက် ၊ သင်တို့နှင့်ထိုက်တန်သော နိုင်ငံရေးအနာဂတ်မှာ စံပျော်ရပါစေကြောင်း ဆုတောင်းလိုက်ပါသည်။” ဟု AA စစ်ဦးချုပ်မှ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ရက္ခိုင့်တပ်တော် (AA)သည် စစ်အား စစ်စည်းကမ်းနှင့်အညီသာ တိုက်ပွဲဆင်ရမည် ဟူသည့် ကျင့်ဝတ်ကို အထူးလိုက်နာကျင့်သုံးပြီး စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပစ်မှတ်များကို မည်သည့်အခါမှ ရည်ရွယ်တိုက်ခိုက်လေ့ရှိသည့် အဖွဲ့မဟုတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ မေလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မေလ (၂၂) ရက်တွင် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း (၁၉၅) ဖွဲ့မှ ရက္ခိုင့်တပ်တော်(AA) သည် ရခိုင်ဒေသတွင်း မှီတင်းနေထိုင်သည့် ပြည်သူလူထုများအားလုံးကို ကာကွယ်ပေးရန်တာဝန်ရှိနေပြီး ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်များနှင့် ရိုဟင်ဂျာခေါင်းဆောင်များ အမြန်ဆုံးဆွေးနွေးတိုင်ပင်မှုများပြုလုပ်ရန် တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီထောက်ခံသည့် Telegram Channel များနှင့် စစ်ကောင်စီလော်ဘီများမှ ရိုဟင်ဂျာနေအိမ်များကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များမှ မီးရှို့ခြင်း၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း စသည့် သတင်းမှားများကို ဆက်တိုက်ထုတ်လွှင့်နေသည်။

#TachileikNewsAgency

Photo:Twan Mrat Naing