မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်က ကားများကိုဓားပြတိုက်

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်က ကားများကိုဓားပြတိုက်

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ကန်ရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများက မြင်းခြံ-နဘူးအိုင်လမ်းပိုင်း ကျောက်ကန်ရွာထိပ်၌ ဖြတ်သန်းသွားလာနေသည့်ယာဉ်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့က ဓားပြတိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးက ဦးဆောင်ပြီး အင်အား(၅၀)ဝန်းကျင်ဖြင့် မြင်းခြံ-နဘူးအိုင်လမ်းပိုင်း၊ ကျောက်ကန်ရွာထိပ်၌  ဖြတ်သန်းသွားလာသည့်ကားများအား ဓားပြတိုက်ကာ ခရီးသည်များထံမှ ဖုန်း၊ ရွှေနှင့် ငွေများအား ယူဆောင်သွားသည်ဟု မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ကားများ၊ မြို့ပေါ်ဈေးသို့ လာသည့်ကားများ၊ (၆)ဘီး၊ (၁၂)ဘီးကုန်တင်ကားများ၊ ခွေးဘီလူးကား စသည့် အနည်းဆုံးကား (၁၅)စီးပေါ်ပါလာသည့် ပစ္စည်းများကို ခြိမ်းခြောက်လုယူသွားသည်ဟု ဆိုသည်။

ကျောက်ကန်ရွာတွင် စစ်ကောင်စီတပ်နှင့် ကျောက်ကန်ရွာမှ ပျူစောထီး(၁၀၀)နီးပါးခန့် တပ်စွဲနေပြီး တပ်စွဲနေသည့်စစ်ကောင်စီတပ်သည် ကုက္ကဲရွာ၌ တပ်စွဲနေခဲ့ဖူးသည်ဟုလည်း သိရသည်။

#TachileikNewsAgency