ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်သား ၇ ဦးအလင်းဝင်

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်သား ၇ ဦးအလင်းဝင်

စစ်ကိုင်းတိုင်း ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်မှ တပ်သား(၇)ဦး အလင်းဝင်လာကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ထံမှ သိရသည်။

အလင်းဝင်လာသူများမှာ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း Mi 17 ဖြင့် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် အင် အားဖြည့်တင်းခဲ့သော ဘုတလင်စစ်ကြောင်းမှ တပ်သား(၇)ဦး ဖြစ်သည်ဟု သိရသည်။

ဘုတလင်စစ်ကြောင်းမှ စစ်ကောင်စီတပ်သား (၅)ဦးဖြစ်သော တပ်သား ပြည့်ကြီး၊ တပ်သား ကျော်လင်းနိုင်၊  တပ်သား မိုးနိုင်၊ တပ်သား ရန်နိုင်၊ တပ်သား ဝေကြီးတို့မှာ ဒီဇင်ဘာ(၁၀)ရက်နေ့တွင် MA-1 (၄)လက်၊ ကျည်ဘောက် (၈)ခု၊ MA-3 တစ်လက်၊ ကျည်ဘောက် (၃)ခုနှင့် (၅.၅၆)ကျည် (၇၅၆)တောင်တို့နှင့်အတူ အလင်းဝင်လာသည်ဟု သိရသည်။

ထို့အပြင် ဒီဇင်ဘာ (၁၁)ရက်နေ့တွင် ပုလဲမြို့ပေါ်ရှိစစ်ကြောင်းမှ တပ်သား အောင်အောင်နှင့် တပ်သား လင်းထက်တို့လည်း အလင်းဝင်ရောက်လာခြင်းဖြစ်ကာ ၎င်းတို့သည် စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဥ် (၄)သင်တန်းဆင်းများဖြစ်ကြောင်း သိရသည်။ 

လက်နက်ဖြင့်အလင်းဝင်သူများအား တစ်ဦးလျှင် သိန်း(၅၀)ဆုချီးမြှင့်ခဲ့ပြီး လက်နက်မဲ့ အလင်းဝင်သူနှစ်ဦးအား  (၅)သိန်းစီ ဆုချီးမြှင့်ကာ လွတ်မြောက်ဘေးကင်းရာသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဘုတလင်စစ်ကြောင်းမှ ပုလဲမြို့သို့ တပ်ကူဖြည့်တင်းထားသောစစ်ကြောင်းမှ အလင်းဝင် CDM ရဲဘော် (၉)ဦးရှိပြီး (၇)ဦးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ထံသို့ဝင်ရောက်ခဲ့ပြီး ကျန် (၂)ဦးမှာ အခြားတော်လှန်ရေးအင်အားစုများထံသို့ ခိုလှုံခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: BNRA