ကျောက်မြောင်းမြို့ရှိ ခမရ ၁၂ တပ်ရင်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ကျောက်မြောင်းမြို့ရှိ ခမရ ၁၂ တပ်ရင်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ရှိ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၂) တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့-Phoenix Wings မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျောက်မြောင်းမြို့ရှိ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၂) တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဒရုန်းဖြင့် (၆၀)မမ ဗုံးသီး (၁၂)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် ခမရ (၁၂)မှ လက်နက်ငယ်များဖြင့် (၁၅)မိနစ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး (၄)လုံး ကောင်တာပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Phoenix Wings မှ ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၃)ရက်နေ့ကလည်း ရွှေဘိုမြို့နယ်ရှိ ကူးတို့ဆိပ်ပျူရွာနှင့် သီလုံးပျူရွာတို့အား Phoenix Wings ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ကူးတို့ဆိပ်၊ ဆင်အင်း၊ မြင်းစီးစသည့် ပျူစောထီးကျေးရွာများမှ စစ်တပ်နှင့် ပျူစောထီးများ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency