ကသာတွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်နေ

ကသာတွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်နေ
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဟဲနားကျေးရွာအုပ်စု၊ ကျွန်းပင်ရွာကို အာဏာသိမ်းစစ်တပ်က ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ ညနေ (၃)နာရီ (၃၈)မိနစ်မှ (၃)နာရီ (၄၅)မိနစ်ကြား လေယာဉ်ဖြင့်ဝဲပြီး ဗုံးကြဲ တိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လတ်တလောတွင် ထိခိုက်မှုမရှိဟု ကနဦး သိထားရပြီး အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးပါ။

ယနေ့ နံနက်ပိုင်းမှစ၍  စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်တပ်၏ မုံရွာအခြေစိုက် နမခ၊ ကလေးအခြေစိုက်၊ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်းများမှနေ၍ ရဟတ်ယာဉ်များ၊ ဒရုန်းများဖြင့် ကင်းထောက်ပျံဝဲခြင်း၊ ထောက်ပို့လုပ်ခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း

စစ်ကိုင်းတိုင်းအတွင်း ယနေ့နံနက်ပိုင်းမှစ၍ အာဏာသိမ်းအဖွဲ့၏ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ တိုက်လေယာဉ်များ ပျံသန်းကင်းထောက်၊ ထောက်ပို့လုပ်နေ