ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် သံလွင်ရွာကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စာသင်ကျောင်းများပျက်စီးသွားကြောင်း MNDAA ထံမှ သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံး(၄)လုံးထက်မနည်း တိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦး ဒဏ်ရာရပြီး တရုတ်စာသင်ကျောင်းတစ်ကျောင်းနှင့် အထက်တန်းကျောင်း တစ်ကျောင်းတို့ ပျက်စီးမှုများသည့်အပြင် နေအိမ်များလည်း ပျက်စီးသွားကြောင်း သိရသည်။
#TachileikNewsAgency
Photo: 果敢资讯网