ပန်ဆန်း - မိုင်းပေါက်လမ်း မြေပြိုကျသဖြင့် UWSA က ပြုပြင်နေ 

ပန်ဆန်း - မိုင်းပေါက်လမ်း မြေပြိုကျသဖြင့် UWSA က ပြုပြင်နေ 
သြဂုတ် 28, 2024 | 2021 Military Coup| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပေါက်ခရိုင်ရှိ ပန်ဆန်း-မိုင်းပေါက်လမ်းမကြီး မြေပြိုမှုဖြစ်ပွားသဖြင့် ပြုပြင်နေခြင်းကြောင့် ယာဥ်ကြီးများအား ယာယီဖြတ်သန်းသွားလာခွင့် တားမြစ်ထားကြောင်း UWSA က ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ပန်ဆန်း-မိုင်းပေါက် အဝေးပြေးလမ်းမကြီး၏ (၂၂)ကီလိုမီတာတွင် မိုးကြီးပြီး မြေပြိုထားခြင်းကြောင့် လက်ရှိတွင် ယာဉ်ကြီးမျာအား ယာယီဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားကာ ယာဥ်ငယ်များအနေဖြင့် ဖြတ်သန်းသွားလာနိုင်သည်ဟု သိရသည်။

 

လမ်းပြုပြင်ခြင်းအား ယမန်နေ့ကစတင်ပြီး ပုံမှန် နံနက်(၆)နာရီမှ ညနေ(၅)နာရီအထိ ပြုပြင်မည်ဖြစ်သည်ဟု ဆိုသည်။

ပန်ဆန်း-မိုင်းပေါက် အဝေးပြေးလမ်းသည် ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျခြင်းများကြောင့် လမ်းများပျက်စီးကာ သွားလာရေး အဆင်မပြေဖြစ်နေသည်။

#TachileikNewsAgency

Photo: CJ